Events

ဧရာဝတီ တိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် “စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းသင်တန်း” ကျင်းပပြီးစီးခြင်း။

Updated At: 2023-06-12 13:47:40

1686551105090

ဧရာဝတီ-ကျောက်ဖရား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှုမဟာဗျူဟာ (ACMECS) အစီအစဉ်အရ ၂၀၂၃ ခုနှစ်၊ မေလမှ ၂၀၂၄ ခုနှစ်၊ ဧပြီလအထိ ဧရာဝတီတိုင်းဒေသကြီးတွင် အလားအလာရှိသောထုတ်ကုန် (အုန်းသီး) တန်ဖိုးကွင်းဆက်တစ်လျှောက် အဆင့်မြှင့်တင်ထုတ်လုပ်ခြင်းစီမံကိန်းအစီအစဉ်အရ ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ အုန်းစိုက်ပျိုးထုတ်လုပ်သူများအတွက် စီးပွားဖြစ်အုန်းပင် စိုက်ပျိုးထုတ်လုပ်ခြင်းနှင့် ကွင်းဆင်းသရုပ်ပြ လေ့ကျင့်ခြင်းသင်တန်း ကို ၂၀၂၃ ခုနှစ်၊ ဇွန်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့အထိ မော်လမြိုင်ကျွန်းမြို့နယ်တွင် (၃) ရက်ကြာ ကျင်းပခဲ့ပါသည်။

အဆိုပါသင်တန်း၏ နောက်ဆုံးနေ့ဖြစ်သည့် ၂၀၂၃ ခုနှစ်၊ ဇွန်လ (၁၀) ရက်နေ့ နံနက်ပိုင်းတွင် မရဲ့အုန်းပင်စုကျေးရွာရှိ နှစ်ရှည်အုန်းခြံနှင့် ကျော်ဇံစံပြကျေးရွာရှိ အုန်းချိုမွှေးစိုက်ခြံများသို့ သင်တန်းသားများလေ့လာရေးခရီး သွားရောက်ခဲ့ပါသည်။ ဆက်လက်၍ သင်တန်းဆင်းပွဲကို ညနေ (၁၅:၀၀) နာရီအချိန်တွင် မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  သင်တန်းဆင်းလက်မှတ်များကို မော်လမြိုင်ကျွန်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးသီဟဇော်၊ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးထွန်းထွန်းနှင့်၊ မြန်မာနိုင်ငံ အုန်းသီးစိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဥက္ကဌ ဒေါ်စန်းစန်းဟန်တို့က သင်တန်းသားများအား အသီးသီးပေးအပ်ခဲ့ပြီးနောက် သင်တန်းဆင်းအမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသည်။

သင်တန်းသို့ စုစုပေါင်း သင်တန်းသား (၃၀) ဦးတက်ရောက်ခဲ့ပြီး  မြန်မာနိုင်ငံအုန်းသီး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်းမှ ကျွမ်းကျင်ပညာရှင်များက စာတွေ့လက်တွေ့ သင်ကြားပို့ချခဲ့ကြကြောင်းနှင့် သင်တန်းပို့ချမှုများမှ အုန်းစိုက်ပျိုးထုတ်လုပ်မှုပိုင်းတွင် ပိုမိုသိရှိနားလည်မှုစွမ်းရည် တိုးတက်မှုအကျိုးရလဒ်များ ရရှိခဲ့ကြောင်း သိရှိရပါသည်။